Chapter 10
၁၂၉။ သေဗၺ တသႏၲိ ဒ႑ႆ၊ သေဗၺ ဘာယႏၲိ မစၥဳေနာ။
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ။
၁၂၉။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် သေခြင်းမှ ကြောက်ကုန်၏၊ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကိုမသတ်ဖြတ် မညှဉ်းဆဲရာ။
129. All beings are afraid of punishment, so also all beings are afraid of death. Considering others as yourself, one should neither kill nor ill treat others.
၁၃၀။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေသံ ဇီဝိတံ ပိယံ။
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ။
၁၃၀။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် မိမိတို့၏ အသက် ကိုချစ်၏၊ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကို မသတ်ဖြတ် မညှဉ်းဆဲရာ။
130. All beings are afraid of punishment, all beings love life; considering others as yourself, one should neither kill nor ill treat others.
၁၃၁။ သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ၀ိဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော န လဘတေ သုခံ။
၁၃၂။ သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန န ဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော လဘတေ သုခံ။
၁၃၁။ အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကိုအလိုရှိကုန်သော သတ္တ၀ါတို့ကို တုတ် လှံ တံဖြင့် ညှဉ်းဆဲ၏၊ ထိုညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ ချမ်းသာကိုမရနိုင်။
၁၃၂။ အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကိုအလိုရှိကုန်သော သတ္တ၀ါ တို့ကို တုတ်လှံတံဖြင့် မညှဉ်းဆဲ၊ ထိုမညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ ချမ်းသာကို ရနိုင်၏။
131. One who, for the sake of happiness, hurts or kills other beings who also long for happiness, will not find happiness after death.
132. One who, for the sake of happiness, does not hurt or kill other beings, who also long for happiness, will find happiness after death.
၁၃၃။ မာဝေါစ ဖရုသံ ကဉ္စိ၊ ၀ုတ္တာ ပဋိဝဒေယျု တံ။
ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျု တံ။
၁၃၄။ သစေ နေရေသိ အတ္တာနံ၊ ကံသော ဥပဟတော ယထာ။
ဧသ ပတ္တောသိ နိဗ္ဗာနံ၊ သာရမ္ဘော တေ န ၀ိဇ္ဇတိ။
၁၃၃။ တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သောစကားကို မဆိုလင့်၊ အဆိုခံရသူတို့သည် သင့်ကို ပြန်လှန် ဆိုကုန်ရာ၏၊ ခြုတ်ခြယ်သော စကားသည် ဆင်းရဲ၏အကြောင်းတည်း၊ သူတစ်ပါးကို ဒဏ်ပြုက အတုံ့ အလှည့်ဒဏ်တို့သည် သင့်ထံသို့ ရောက်ကုန်ရာ၏။
၁၃၄။ အနားပြတ်သော ကြေးခေါင်းလောင်းသည် အသံမထွက် ငြိမ်သက်သကဲ့သို့ မိမိကိုယ်ကို ငြိမ်သက် တည်ကြည်အောင် စောင့်ရှောက်နေသောသူသည် နိဗ္ဗာန်သို့ရောက်နိုင်၏၊ ခြုတ်ခြယ်မှုမရှိ။
133. Never speak harsh words; for once spoken they will be said back to you. Angry words are painful, retaliation will get you.
134. If you can be silent like a broken gong that is silent, you can reach the peace of Nibbana; there is no agitation in you.
၁၃၅။ ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝေါ ပါဇေတိ ဂေါစရံ။
ဧ၀ံ ဇရာ စ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏိနံ။
၁၃၅။ နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို စားကျက်သို့ မောင်းနှင်သကဲ့သို့ ဤအတူ အိုခြင်းသည် လည်းကောင်း၊ သေခြင်းသည်လည်းကောင်း သတ္တ၀ါတို့၏ အသက်ကို မောင်းနှင်ကုန်၏။
135. As a cowherd with his staff drives his cows to pasture, so do Old Age and Death drive the life of all beings.
၁၃၆။ အထ ပါပါနိ ကမ္မာနိ၊ ကရံ ဗာလော န ဗုဇ္ဈတိ။
သေဟိ ကမ္မေဟိ ဒုမ္မေဓော၊ အဂ္ဂိဍဍ္ဎေုာဝ တပ္ပတိ။
၁၃၆။ မကောင်းမှု အကုသိုလ်ကံတို့ကိုပြုသော သူမိုက်သည် ထိုပြုသောအခါ၌မသိ၊ ပညာမဲ့သူသည် ထိုမိမိပြုသော မကောင်းမှုကံတို့ကြောင့် မီးလောင်သောသူကဲ့သို့ ပူပန်ရ၏။
136. The foolish one does not know when he commits his evil deeds; later the stupid man has to suffer and is consumed by his own deeds, as if burnt by fire.
၁၃၇။ ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေ၀ နိဂစ္ဆတိ။
၁၃၈။ ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ ၀ ဘေဒနံ။
ဂရုကံ ၀ါပိ အာဗာဓံ၊ စိတ္တက္ခေပံ ၀ ပါပုဏေ။
၁၃၉။ ရာဇတော ၀ါ ဥပသဂ္ဂံ၊ အဗ္ဘက္ခာနံ ၀ ဒါရုဏံ။
ပရိက္ခယံ ၀ ဉာတီနံ၊ ဘောဂါနံ ၀ ပဘင်္ဂုရံ။
၁၄၀။ အထ ၀ါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ ပါဝကော။
ကာယဿ ဘေဒေါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။
၁၃၇။ အကြင်သူသည် အပြစ်ဒဏ်ကင်းကြ၍ မပြစ်မှားထိုက်သော ရဟန္တာပုဂ္ဂိုလ်တို့၌ တုတ်လှံတံ စသည်ဖြင့် ပြစ်မှား၏၊ ထိုသူသည် ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့တွင် တစ်ပါးပါးသော ဆင်းရဲခြင်းအကြောင်းသို့ လျင်မြန်စွာပင် ရောက်ရ၏။
၁၃၈-၁၃၉။ ပြင်းထန်သော ဝေဒနာသို့လည်းကောင်း၊ ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း၊ လက်ပြတ် ခြေပြတ်စသော ကိုယ်အင်္ဂါပျက်စီးခြင်းသို့လည်းကောင်း၊ ကြီးလေးသော နူနာစသော အနာစွဲ ကပ်ခြင်းသို့လည်းကောင်း၊ ရူးခြင်း စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း၊ မင်းဘေးလည်းကောင်း၊ ကြမ်းကြုတ်စွာသော အစွတ်စွဲခံရခြင်းသို့ လည်းကောင်း၊ ဆွေမျိုးတို့၏ ပျက်ပြားခြင်းသို့ လည်းကောင်း၊ စည်းစိမ် ဥစ္စာတို့၏ယိုယွင်းပျက်စီးခြင်းသို့ လည်းကောင်းရောက်၏။
၁၄၀။ ထို့ပြင်ထိုပြစ်မှားသူ၏ အိမ်တို့ကို ပကတိမီးသည်လည်းကောင်း၊ လောင်မီးသည်လည်းကောင်းလောင်၏၊ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသည်မှနောက်၌ ငရဲသို့ ရောက်ရ၏။
137. Any person who inflicts pain on those Ariyas who are pure and innocent will soon fall into one of these ten evils (chastisements):
138-139. fearful pains or sufferings; destitution, fracturing of the body (loss of limbs), grave illness (as leprosy), insanity, oppression by the ruler, severe accusations, destruction of kin (relatives):
140. destruction of possessions or lightening fire will burn his houses, and upon the dissolution of his body, the stupid man will fall to hell.
၁၄၁။ န နဂ္ဂစရိယာ န ဇဋာ န ပင်္ကာ၊ နာနာသကာ ထဏ္ဍိလသာယိကာ ၀ါ။
ရဇောဇလ္လံ ဥက္ကုဋိကပ္ပဓာနံ၊ သောဓေန္တိ မစ္စံ အ၀ိတိဏ္ဏကင်္ခံ။
၁၄၁။ အ၀တ်မ၀တ်ဘဲ ကျင့်ခြင်းတို့သည်လည်းကောင်း၊ ဆံကျစ်အကျင့်တို့သည်လည်းကောင်း၊ ရွှံ့ညွန် အလိမ်းလိမ်းကပ်၍ ကျင့်ခြင်းတို့သည်လည်းကောင်း၊ အစာဖြတ်၍ အငတ်ခံကျင့်ခြင်း တို့သည်လည်းကောင်း၊ မြေ၌အိပ်၍ နေခြင်းတို့သည်လည်းကောင်း၊ မြူမှုန်အလိမ်းလိမ်း တင်စေလျှက် ကျင့်ခြင်းသည်လည်းကောင်း၊ ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်းသည်လည်းကောင်း ၀ိစိကိစ္ဆာမှ မလွတ်မြောက်သေးသော သတ္တ၀ါကို မစင်ကြယ်စေနိုင်ကုန်။
141. Not nakedness, not matted hair, not dust, not fasting, or sleeping on the bare earth, not rubbing with dust, not squatting motionless can cleanse a mortal who has not overcome his doubts.
၁၄၂။ အလင်္ကတော စေပိ သမံ စရေယျ၊ သန္တော ဒန္တော နိယတော ဗြဟ္မစာရီ။
သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊ သော ဗြာဟ္မဏော သော သမဏော သ ဘိက္ခု။
၁၄၂။ အကြင်သူသည် ကိလေသာငြိမ်း၏၊ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏၊ မဂ်လေးပါးဖြင့်မြဲ၏၊ မြတ်သောအကျင့်ရှိ၏၊ အလုံးစုံသောသတ္တ၀ါတို့၌ လက်နက်ကို ပယ်ချထားသည်ဖြစ်၍ မေတ္တာဖြင့် အညီအမျှကျင့်၏၊ ထိုသူသည်အ၀တ် တန်ဆာဆင်စေကာမူ မကောင်းမှုမှအပပြုသူ ဗြာဟ္မဏမည်၏၊ ကိလေသာငြိမ်းသူ သမဏမည်၏၊ ကိလေသာ ဖျက်ဆီးပြီးသူ ဘိက္ခုမည်၏။
142. Though a man may wear fine clothing, if he lives peacefully after destroying mental defilements, is quiet, subdued and restrained and he does not hurt any living being, he is indeed a Brahmana (who has cast off evils), a samana (who has ceased defilements), and a Bhikkhu (who has destroyed passions).
၁၄၃။ ဟိရီနိသေဓော ပုရိသော၊ ကောစိ လောကသ္မိ ၀ိဇ္ဇတိ။
ယော နိဒ္ဒံ အပဗောဓေတိ၊ အေဿာ ဘဒြော ကသာမိဝ။
၁၄၄။ အေဿာ ယထာ ဘဒြော ကသာနိဝိဋ္ဌော၊ အာတာပိနော သံဝေဂိနော ဘ၀ါထ။
သဒ္ဓါယ သီလေန စ ၀ီရိယေန စ၊ သမာဓိနာ ဓမ္မ၀ိနိစ္ဆယေန စ။
သမ္ပန္န၀ိဇ္ဇာစရဏာ ပတိဿတာ၊ ဇဟိဿထ ဒုက္ခမိဒံ အနပ္ပကံ။
၁၄၃။ မြင်းကောင်းသည် ကြိမ်လုံးကို ကြဉ်ရှောင်သကဲ့သို့ အကြင်သူသည် မိမိ၏အိပ်ပျော်ခြင်းကို နိုးကြားစေ၏၊ မိစ္ဆာဝိ တက်ကို ရှက်ကြောက်ခြင်းဖြင့်တားမြစ်၏၊ ထိုပုဂ္ဂိုလ်မျိုးသည် လောက၌ တစ်ယောက်တစ်လေသာ ရှိ၏။
၁၄၄။ မြင်းကောင်းသည် ကြိမ်လုံးကို ပုတ်ခတ်သည်ရှိသော် လုံ့လရှိသကဲ့သို့ သင်တို့သည် လည်း လုံ့လရှိကုန်သည် ထိပ်လန့်ကုန်သည် ဖြစ်ကြကုန်လော့၊ ယုံကြည်ခြင်း သဒ္ဓါနှင့် လည်းကောင်း၊ သီလနှင့် လည်းကောင်း၊ ၀ီရိယနှင့် လည်းကောင်း၊ တည်ကြည်ခြင်း သမာဓိနှင့် လည်းကောင်း၊ တရားမှန်မမှန် ဆုံးဖြတ်ကြောင်းဉာဏ်နှင့်လည်းကောင်း ပြည့်စုံကြလျှက် အသိ ၀ိဇ္ဇာ အကျင့်စရဏနှင့် ပြည့်စုံကုန်သည်ဖြစ်၍ ထင်သောသတိရှိကြပါလျှင် အတိုင်းမသိ အလွန်ရှည်လျားသော သံသရာဆင်းရဲကို စွန့်လွှတ်နိုင်ကုန်လတ္တံ့။
143. As a good horse avoids the touch of the whip, a noble man who, being wakeful from his sleep, restrained by modesty, seems to be rare in the world, avoids all fetters by shame.
144. Like a good horse struck by a whip, be ardent and deeply moved. By faith, by virtue and energy, by deep contemplation and vision, expert knowledge and by right action, you shall leave behind this mass of misery and seemingly endless grief (samsara).
၁၄၅။ ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။
၁၄၅။ မြောင်းတူးရေယူသမားတို့သည် အလိုရှိရာသို့ ရေကိုဆောင်ယူကုန်၏၊ လေးသမားတို့သည် မြားကိုဖြောင့်ကုန်၏၊ သစ်ရွေသမားတို့သည် သစ်ကိုလိုတိုင်းရအောင် ရွေကုန်၏၊ ကောင်းသောအကျင့်ရှိသော သူတော်ကောင်းတို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမကုန်၏။
145. Those who make channels for water guide the water where they want, fletchers bend the arrow straight, carpenters straighten wood, and the men with virtue tame themselves.
Sunday, April 13, 2008
၁၀။ ဒဏ္ဍ၀ဂ္ဂ
Labels:
Chapter 10,
Dhammapada Chapter